ကိုဩဒိနိတ်

ဝီကီပီးဒီးယား မှ
(ကိုဩဒိနိတ် စနစ် မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးသည် အင်္ဂလိပ်: coordinate ခေါ် ကိုဩဒီးနိတ်(ချအမှတ်) တစ်ခုချင်းစီတို့ အကြောင်း ဖြစ်သည်။ ဤ"en:coordinate (ကိုဩဒီးနိတ် ခေါ် ချအမှတ်) တစ်ခုချင်းစီ" နှင့် မတူဘဲ en:Coordinate System နှင့် သဘောချင်းတူသော ကိုဩဒီးနိတ်အိမ် ခေါ် အမှတ်ချအိမ် များ အတွက် အမှတ်ချအိမ် ကို ကြည့်ပါ။

ကိုဩဒီးနိတ်များ (သို့) ချအမှတ်များ (အင်္ဂလိပ်: coordinates) ဆိုသည်မှာ ဆိုင်ရာ ကိုဩဒီးနိတ်အိမ် (သို့) အမှတ်ချအိမ် (Coordinate System) အတွင်း၌ တည်နေရာ၊ အမှတ် အသီးသီးကို ဖော်ပြကိုယ်စားပြုနေသည့် စုံလိုက်စုံလိုက် ကိန်းလုံးတို့ ဖြစ်ပြီး၊ ကွင်းခတ်၍ ရေးလေ့ရှိ၏။ သာဓကအားဖြင့် X, Y, Z စံတိုင်(ဝင်ရိုး) ၃ခုဖြင့် စုဖွဲ့သည့် တိုင်းကြောင်း၃ခုပါ ကာတက်စီးယန်း အမှတ်ချအိမ်တွင် (x, y, z) ဟု ကွင်းအတွင်း၌ အကန့်ခွဲကာ အစဉ်လိုက် ရေးကြ၏။ အစဉ်လိုက်ဖြစ်မှုမှာ သတိပြု ရေးဖွယ်၊ ဖတ်ဖွယ် ဖြစ်သည်။ ဤသာဓကအတိုင်းလျှင် ကို ပထမထား၊ ကို ဒုတိယထား၊ ကို တတိယထား ရေးကြရိုး ဖြစ်၏။

တိုင်းဖွယ် အမျိုးအစားများ[ပြင်ဆင်ရန်]

နေရာရပ်ဝန်းသဘော သီးသန့်နှင့် အမှတ်ချအိမ် (ကိုဩဒီးနိတ်အိမ်)များ အဖို့၊ ချအမှတ် (ကိုဩဒီးနိတ်)ပါ ကိန်းဂဏန်းများ၏ ဆိုင်ရာယူနစ်မှာ -

  • အကွာအဝေးသဘော ဖြစ်သည့် (လက်မ၊ ပေ၊ စင်တီမီတာ၊ မီတာ စသည့်) အလျား ယူနစ်၊
  • သို့တည်းမဟုတ် ဦးတည်ချက်သဘော ဖြစ်သည့် (ဒီဂရီ၊ ရေဒီယန် ကဲ့သို့) ထောင့် ယူနစ်

ဖြစ်နေမည်။
အချိန်ကုန်ဆုံးမှု တိုင်းကြောင်း (temperal dimension) ကိုပါ (အမှတ်ချအိမ် အတွင်း) စံတိုင် (axis) တစ်ခုအဖြစ် ထပ်ပေါင်းထည့်သော် -

  • နျူတန်ပျိုး ရူပဗေဒအရမူ၊ အချိန်ဆိုင်ရာ ချအမှတ်အပိုင်းအစက (စက္ကန့်၊ မိနစ် စသည့်) အချိန်ယူနစ် ဖြစ်မည်၊
  • သို့သော် နှိုင်းရ ရူပဗေဒ၌၊ အချိန်ဆိုင်ရာ တာစာ (temporal component) ကို အလျားသဘော အလိုအလျောက် ပြောင်းထားသည့် စနစ်လည်း အသုံးပြုကြသဖြင့် ထိုအခါမျိုးတွင် ကြာချိန်ကို ညွှန်းသည့် ယူနစ်ကလည်း အလျားယူနစ်နှင့် ဖြစ်နေတတ်သည်။[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. A First Course in General Relativity by Bernard Schutz